ကမ္ဘောဒီးယားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများလာရောက်မှုအပေါ် ကိုဗစ် ၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများအား ကားချပ်ဖြင့်ပုံဖော်ခြင်း

Line Chart
Intermediate

ယခင်‌ဒေတာချက်ပြုတ်နည်းများတွင် ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားမှုနှင့်သေဆုံးမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ကို အသုံးပြုပြီး ပုံရှင်ကားချပ်ရေးဆွဲသည့် နည်းလမ်းများကို တင်ပြပြီးဖြစ်ပါသည်။ ယခုဒေတာချက်ပြုတ်နည်းတွင် ကပ်ရောဂါ၏ နေ့စဉ်လူမှု-စီးပွားဘဝအပေါ် အကျိုးသက်ရောက်မှုများဆိုင်ရာအချက်အလက်များကို မည်သို့ပုံဖော်မည်ကို ဆက်လက် တင်ပြပါမည်။ ကိုဗစ် ၁၉ ကပ်ရောဂါစတင်ချိန်မှစ၍ ခရီးအသွားအလာကန့်သတ်ခြင်းများနှင့် ခပ်ခွာခွာ နေထိုင်ကြရန် (Social Distancing) စည်းကမ်းများထုတ်ပြန်ခဲ့ရာ ကမ္ဘာတဝှမ်းတွင် လုပ်သားဈေးကွက်နှင့် သက်မွေး ဝမ်းကြောင်းမှုများအပေါ် ကြီးမားစွာထိခိုက်နစ်နာစေခဲ့ပါသည်။ စီးပွားရေးကဏ္ဍအားလုံးအပေါ် ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများ ရိုက်ခတ်ခဲ့ပြီး ထိုအထဲတွင် ခရီးသွားလုပ်ငန်းသည် အထိခိုက်အနစ်နာဆုံးဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းနှင့်တိုက်ရိုက်ပတ်သက်သည့် အလုပ် သန်း ၁၀၀ ခန့်သည် အချိန်မရွေး လက်လွှတ်ဆုံးရှုံးနိုင်သည့် အနေအထားတွင်ရှိနေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထား ပါသည်။ ထို့ကြောင့် ယခုဒေတာချက်ပြုတ်နည်းတွင် ကမ္ဘောဒီးယားနိုင်ငံ အတွင်း ကမ္ဘာလှည့်ခရီးသွားများလာရောက်မှုအပေါ် ကိုဗစ် ၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများအား ဆန်းစစ်ပြီး မည်သို့ ပုံဖော်မည်ဆိုသည်ကို လေ့လာနိုင်ရန် တင်ပြသွားပါမည်။

ဤ ဒေတာချက်နည်းပြုတ်နည်း recipe သည် Institute for War and Peace Reporting မှ ပံ့ပိုးမှု ဖြင့်ထုတ်လုပ်ခဲ့ပါသည်။

Stats

Ingredients
Cambodian Tourism Statistics Report
Tools
Flourish; Tabula; Microsoft Excel
Read in other Languages

Introduction

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization၏ ထုတ်ပြန်မှုများအရ ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်အထိ ကိုဗစ်ရောဂါ တွေ့ရှိမှု ၃၆၃ ယောက်ရှိပြီး သေဆုံးသူမရှိသေးပါ။ ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ် မှုများတွင် အောင်မြင်မှုများရရှိသည်ဟုဆိုနိုင်သော်လည်း နိုင်ငံ၏အဓိကစီးပွားရေးကဏ္ဍများ ဖြစ်သည့် အထည်ချုပ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်း၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ သိသိသာသာ ကျဆင်းနေပါသည်။ ထိုကျဆင်းမှု၏ အကျိုးဆက်အနေဖြင့် နိုင်ငံ၏ လူမှုစီးပွားဘဝအပေါ် ဆိုးရွားသည့် ထိခိုက်မှုများ ပေါ်ပေါက်စေပါသည်။

1

လက်ရှိ အခြေအနေအား လေ့လာခြင်း

ယခုဒေတာချက်ပြုတ်နည်းတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကျဆင်းမှုကြောင့်ပေါ်ပေါက်လာသည့် လူမှု-စီးပွားဘဝအပေါ် အကျိုးသက်ရောက်မှုများကို လေ့လာဆန်းစစ်ပါမည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကဏ္ဍအမျိုးမျိုးအနက်မှ ခရီးသွားကဏ္ဍကို ရွေးချယ်ရခြင်းမှာအောက်ပါအကြောင်းများကြောင့်ဖြစ်ပါသည်။

၁။ ခရီးသွားကဏ္ဍအတွက် တရားဝင်ထုတ်ပြန်ထားသော ဒေတာအချက်အလက်များ တိကျမှုရှိခြင်း

ကမ္ဘောဒီးယားနိုင်ငံတွင် ခရီးသွားကဏ္ဍနှင့်ပတ်သက်သော အချက်အလက်များလုံလောက်စွာရှိသည်။ ယေဘုယျ အားဖြင့် နိုင်ငံအများစုရှိ အစိုးရများသည် အခြားစီးပွားရေးကဏ္ဍများနှင့် ယှဉ်လျှင် ခရီးသွားကဏ္ဍဆိုင်ရာ အချက် အလက်များကို ပွင့်လင်းမြင်သာစွာထုတ်ပြန်လေ့ရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလာရေး ဝန်ကြီးဌာနမှ ကမ္ဘာလှည့်ခရီးသွားဆိုက်ရောက်မှုအခြေအနေ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အသုံးစရိတ်များစသည့် အချက်အလက်များပါဝင်သည့် “ခရီးသွားခြင်းဆိုင်ရာကိန်းဂဏန်းအချက်အလက် အစီရင်ခံစာ” ကို နှစ်စဉ်နှစ်တိုင်း  ထုတ်ပြန်ပါသည်။

၂။ ခရီးသွားကဏ္ဍဆိုင်ရာဒေတာအချက်အလက်များသည် အချိန်နှင့်တပြေးညီအချက်အလက်များဖြစ်ခြင်း

ကပ်ရောဂါစတင်သည့် အချိန်နှင့် မရှေးမနှောင်းပင် ကမ္ဘာ့လှည့်ခရီးသွားအရေအတွက် သိသာစွာ ကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ အခြားစီးပွားရေးကဏ္ဍများကိုကြည့်လျှင် ကပ်ရောဂါြဖစ်ပွားပြီး လအနည်းငယ်ကြာမှသာ စီးပွားရေးစတင်ကျဆင်းမှုရှိလာသည်ကိုတွေ့ရှိရပါသည်။ ဥပမာ-ဆောက်လုပ်ရေးကဏ္ဍအပေါ် ကပ်ရောဂါ၏ သက်ရောက်မှုရှိသည့်တိုင် တစ်နှစ်အတွင်း ဆောက်လုပ်ရေးကဏ္ဍ၏ စီးပွားရေးကျဆင်းမှုကို သိသာထင်ရှားစွာ တွေ့မြင်နိုင်ရန် ခက်ခဲပါလိမ့်မည်။ မိမိတို့၏ရည်ရွယ်ချက်မှာ အချက်အလက်များကို အသုံးပြု၍ လူမှုစီးပွား ဘဝအပေါ် ရိုက်ခတ်မှုများကို စိတ်ဝင်စားဖွယ်ရာတင်ဆက်မည်ဖြစ်ရာ အချိန်တိုအတွင်း သိသာထင်ရှားစွာ ပြောင်းလဲမှုကို မပြသနိုင်သည့် အချက်အလက်များကို အသုံးပြုနိုင်မည် မဟုတ်ပါ။

၃။ ခရီးသွားကဏ္ဍဆိုင်ရာဒေတာအချက်အလက်များမှာ နားလည်လွယ်သည်။

လူအများစုအနေဖြင့် အခြားစီးပွားရေးကဏ္ဍများနှင့်ယှဉ်လျှင် ခရီးသွားကဏ္ဍကျဆင်းခြင်းကို မိမိတို့ဘဝနှင့် ချိတ်ဆက်နားလည်ရန် လွယ်ကူပါသည်။ အချို့သူများအတွက် မိမိတို့ သွားလာရန်ပြင်ဆင်ထားသည့် ခရီးသွား အစီအစဉ်များပျက်ကုန်ကြသည်ကို ကြုံတွေ့ရသည်။ အချို့အတွက်မှု ခရီးသွားကဏ္ဍကျဆင်းမှုကြောင့် မိမိတို့၏ သက်မွေးမှုလုပ်ငန်းများ ထိခိုက်သည်ကို ကြုံတွေ့ကြရသည်။ မည်သို့ပင်ဆိုစေကာမူ ခရီးသွားလုပ်ငန်းသည် လူအများစု၏ နေ့စဉ်ဘဝ၊ သက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် နီးကပ်စွာချိတ်ဆက်နေပါသည်။ ထို့အပြင် ခရီးသွားကဏ္ဍကို တိုင်းတာသည့် ညွှန်းကိန်းများ ဖြစ်သည့် ခရီးသွားအရေအတွက်၊ ကုန်ကျစရိတ်၊ ခရီးစဉ်ကြာချိန်နှင့် နေထိုင်သည့်ကာလ၊ ခရီးအကွာအဝေး စသည်တို့သည် ရိုးရှင်းလွယ်ကူပြီး သိသာ ထင်ရှားသည့် အတွက် လွယ်ကူစွာ ပုံဖော်နိုင်ပါသည်။ အခြားကဏ္ဍများအတွက် ညွှန်းကိန်းများဖြစ်သည့် ကုန်ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု (သို့မဟုတ်) ထုတ်ကုန်တန်ဖိုးစသည်တို့မှာ သာမန်စာဖတ်သူတို့အတွက် နေ့စဉ်လူမှုဘဝနှင့် ချိတ်ဆက်နားလည်ရန် ခက်ခဲပါလိမ့်မည်။

၄။ ခရီးသွားကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးအတွက် အလွန်အရေးပါသည့် ကဏ္ဍဖြစ်ခြင်း

လွန်ခဲ့သည့််ဆယ်စုနှစ်များစွာမှစတင်၍ ခရီးသွားကဏ္ဍ သည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိကျသည့် မောင်းနှင်အားအဖြစ် တည်ရှိခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံ အစိုးရအနေဖြင့် ခရီးသွားကဏ္ဍကို ဗျူဟာမြောက်ကဏ္ဍအဖြစ်ဦးစားပေးသတ်မှတ်ထားပြီး နိုင်ငံသားသန်းပေါင်းများစွာမှာ ယင်းကဏ္ဍကို မှီခို၍ အသက်မွေးဝမ်းကျောင်းပြုနေရပါသည်။ ၂၀၁၉ ခုနှစ် တစ်နှစ်တည်းမှာပင် ဂျီဒီပီ၏ ၁၈.၇ ရာခိုင်နှုန်း ဖြစ်သည့် အမေရိကန်ဒေါ်လာ ၄.၉၂ ဘီလီယံ ကို ခရီးသွားကဏ္ဍမှ ရရှိခဲ့ပါသည်။

ခရီးအသွားအလာကန့်သတ်မှုများသည် ခရီးသွားကဏ္ဍအပေါ် ကျယ်ပြန့်သည့် ဆိုးကျိုးများသက်ရောက်စေခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားအရေအတွက်ကျဆင်းမှုအများဆုံး နိုင်ငံ ၂၀ အတွင်း ပါဝင်ခဲ့ပါသည်။ အောက်တွင် ဖော်ပြထား သည့်ကားချပ်သည် ကမ္ဘောဒီးယား နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားဆိုက်ရောက်မှု အရေအတွက်ကို ရေးဆွဲထားခြင်းဖြစ်ပြီး ကပ်ရောဂါဖြစ်ပွားသည့် ၂၀၂၀ တွင် ခရီးသွားအရေအတွက် သိသိသာသာ ကျဆင်းသွားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကမ္ဘောဒီးယားသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွား ၁.၂၄ သန်းရှိပြီး ၂၀၁၉ ခုနှစ် နှင့် ယှဉ်လျှင် ၇၄ရာခိုင်နှုန်း လျော့ကျ သွားသည်ကို တွေ့မြင်နိုင်ပါသည်။

ယခုဒေတာချက်ပြုတ်နည်းတွင် ၂၀၁၅ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကမ္ဘောဒီးယားနိုင်ငံသို့လာရောက်သည့် ကမ္ဘာလှည့်ခရီးသွား ဆိုက်ရောက်မှုအရေအတွက်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို အသုံးပြု၍ ကားချပ်ပုံကို မည်သို့ရေးဆွဲမည် ဆိုသည်ကို ရှင်းလင်း တင်ပြပါမည်။


2

အချက်အလက်များပြင်ဆင်ခြင်း

၂.၁။ အချက်အလက်များစုဆောင်းခြင်းနှင့် စိစစ်ခြင်း

ပထမဦးစွာ ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်မှ ကမ္ဘောဒီးယားနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားဆိုက်ရောက်မှု အရေအတွက်ဆိုင်ရာ အချက်အလက်များကို ရယူရန်လိုပါသည်။ မူလရင်းမြစ်မှ အချက်အလက်ကို ရယူခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။ မူလရင်းမြစ်ဆိုသည်မှာ အချက်အလက်များကို မူရင်းသက်သေသာဓကများဖြင့် ပထမဆုံး တင်ပြထားသည့် အရင်းအမြစ်ကို ဆိုလိုပါသည်။ ဤနေရာတွင် ကျွန်ုပ်တို့လိုအပ်သည့်အချက်အလက်များကို ရယူနိုင်သည့် မူလရင်းမြစ်မှာ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေး ဝန်ကြီးဌာနဖြစ်ပါသည်။

သို့ရာတွင် ဝန်ကြီးဌာနဝက်ဘ်ဆိုဒ် တွင် နောက်ဆုံးရအချက်အလက်များပါဝင်သည့် အစီရင်ခံစာ မရှိပါ။ သို့သော် ဂူဂဲလ်တွင် ဆက်လက်ရှာဖွေပါက ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ ကမ္ဘောဒီးယား ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ဆိုင်ရာ အချက်အလက်များပါဝင်သည့် အစီရင်ခံစာကို NagaCorp ၏ ဝက်ဘ်ဆိုဒ်တွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။ NagaCorp သည် ကမ္ဘောဒီးယား နိုင်ငံ၊ ဖနွမ်းပင်မြို့တော်တွင် အကြီးဆုံးဇိမ်ခံဟိုတယ်များနှင့် နာမည်ကျော် လောင်းကစားရုံ ပါဝင်သည့် အပန်းဖြေစခန်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်ပါသည်။ သို့ရာတွင် NagaCorp သည် ခရီးသွား လုပ်ငန်းဆိုင်ရာအာဏာပိုင်များမဟုတ်သည့်အတွက် ထိုအစီရင်ခံစာအပေါ် ယုံကြည်စိတ်ချရမှုရှိမရှိကို အခြား အစီရင်ခံစာများနှင့် တိုက်ဆိုင်စစ်ဆေးသင့်ပါသည်။ ၂၀၂၀ စက်တင်ဘာလအထိ အချက်အလက်များပါဝင်သည့် အစီရင်ခံစာ ကို ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်ပေါ်မှ အစောပိုင်းအစီရင်ခံစာများနှင့်နှိုင်းယှဉ်ကြည့်လျှင် အချက်အလက်များ ဖော်ပြသည့်ပုံစံ၊ ဝန်ကြီးဌာန တံဆိပ် တို့မှာ ဆင်တူနေသည်ကိုတွေ့မြင်ရပါမည်။ ထို့ကြောင့် NagaCorp ဝက်ဘ်ဆိုဒ်မှအစီရင်ခံစာသည် ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ထားသော အစီရင်ခံစာအဖြစ် ယူဆနိုင်ပါသည်။

အောက်တွင်ဖော်ပြထားသောဇယားမှာ အစီရင်ခံစာမှ ဖြစ်ပါသည်။ ယင်းဇယားတွင် ၂၀၁၅မှ၂၀၂၀ အထိ ကမ္ဘောဒီးယား နိုင်ငံသို့ နိုင်ငံတကာမှကမ္ဘာလှည့်ခရီးသွား ဆိုက်ရောက်မှုအရေအတွက်ကို ဖော်ပြထားပါသည်။ ထိုအချက်အလက်များကို အသုံးပြု၍ လှုပ်ရှားရုပ်ပုံများပါဝင်သည့် ကားချပ်တစ်ခု (Animated Chart) ရေးဆွဲနည်းကို တင်ပြသွားပါမည်။

URL ကို အနည်းငယ်ပြင်ဆင်ရုံမျှဖြင့် လင့်ခ်တွင်ပါဝင်သော အစီရင်ခံစာအပြင် အချက်အလက်အပိုများကို ထပ်မံ ရယူနိုင်ပါသည်။ လင့်ခ်မှ URL ကိုကြည့်လျှင် “/tourism_statistics_202009.pdf” ဖြင့်အဆုံးသတ်သည်ကို တွေ့ရပါမည်။ 202009 တွင် 2020 မှာခုနှစ်၊ 09 မှာ ၉လမြောက်ဖြစ်သည့် စက်တင်ဘာလကို ရည်ညွှန်းပါသည်။ “YYYYMM” “ခုနှစ်လ”ပုံစံဖြင့် ရေးသားထားခြင်းဖြစ်သည်။ အခြားလများနှင့် သက်ဆိုင်သည့် အချက်အလက်များကို ရယူလိုပါက နောက်ဆုံး ခုနှစ်၊ လ တန်ဖိုးများကို ပြောင်းရုံဖြင့် ရယူနိုင်မည်ဖြစ်ပါသည်။ ဥပမာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ဆိုလျှင် “202001” ဖြစ်ပြီး အချက်အလက်များကို URL: https://www.nagacorp.com/eng/ir/tourism/tourism_statistics_202001.pdf တွင် ရယူနိုင်မည်ဖြစ်သည်။

ဤနည်းလမ်းမှာ တူညီသောဝက်ဘ်ဆိုဒ်တစ်ခုအတွင်းရှိ ကိန်းဂဏန်းအချက်အလက်တွဲများကို ရှာဖွေရာတွင် အသုံးများသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ URLs များရေးသားထားပုံကိုလေ့လာခြင်းဖြင့် အခြားဆင်တူသည့် ဖိုင်တွဲများကို လွယ်ကူလျင်မြန်စွာရှာဖွေနိုင်သည့် နည်းလမ်းဖြစ်ပါသည်။ ယခုဒေတာချက်ပြုတ်နည်းအတွက် ၂၀၂၀ စက်တင်ဘာလ အစီရင်ခံစာကို အသုံးပြုပါမည်။ စာမျက်နှာ ၂တွင် ဇယားကို ကားချပ်နှင့်တကွဖော်ပြထားပြီး ဖြစ်ပါသည်။ ယင်းကားချပ်တွင် အချက်အလက်များပါဝင်သော်လည်း ၂၀၂၀ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုအပေါ် ကိုဗစ် ၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများအား ပိုမိုထိရောက်စွာ ရှင်းလင်းပြသနိုင်မည့် လှုပ်ရှားရုပ်ပုံပါဝင်သည့်ကားချပ် (animated) ပုံစံအဖြစ် ပြောင်းလဲရေးဆွဲနည်းကို တင်ပြသွားမည်ဖြစ်ပါသည်။

ယခုရရှိထားသော အချက်အလက်တွဲမှာ PDF ပုံစံဖြစ်နေသည့်အတွက် မိမိတို့လိုသလို တွက်ချက်ထုတ်ယူနိုင်သည့် Excel ပုံစံသို့ပြောင်းရန် အခမဲ့ရယူနိုင်သည့် Tabula ကို အသုံးပြုရန်လိုပါသည်။

၂.၂။ Tabula ကို ကွန်ပြူတာအတွင်းသို့ ထည့်သွင်း (Install) ခြင်း

အစီရင်ခံစာတွင်ပါဝင်သော ကိန်းဂဏန်းဇယားများကို Excel (သို့မဟုတ်) Word သို့ အလွယ်တကူ ကော်ပီလုပ်၍ မရပါ။ ဤအပိုင်းတွင် PDF ပုံစံဖြစ်နေသည့် ကိန်းဂဏန်းဇယားများကို အချိန်ကုန်သက်သာပြီး အခမဲ့သုံးနိုင်သည့် Tabula ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ Excelဖိုင်ပုံစံအဖြစ် ပြောင်းလဲ ထည့်သွင်းခြင်းနည်းလမ်းကို တင်ပြသွားပါမည်။ အဖြူအမဲကိန်းဂဏန်းဇယားများကို Tabula ဖြင့် ဖိုင်ပုံစံပြောင်းနိုင်ပြီး အင်တာနက်လိုင်းမလိုပါ။

Tabula ကို ကွန်ပြူတာအတွင်းထည့်သွင်းခြင်းမပြုမီ မိမိကွန်ပြူတာတွင် Java ရှိမရှိစစ်ဆေးပါ။ Java ရှိနေလျှင် အချို့သော အဆင့်များကို ကျော်သွားနိုင်ပါသည်။

  • Windows Settings မှ Apps & features တွင် Java ဟုရိုက်ထည့်၍ စစ်ဆေးပါ။

Java ထည့်သွင်းပြီးလျှင် Tabula ထည့်သွင်းခြင်းကို စတင်နိုင်ပါသည်။

  • https://tabula.technology/ သို့သွားပါ။
  • မိမိကွန်ပြူတာ၏ စနစ်နှင့်ကိုက်ညီမည့် နောက်ဆုံးဗားရှင်း Tabula ကို ဒေါင်းလုတ်ဆွဲပါ။
  • ဤစာမျက်နှာတွင် ဖော်ပြထားသည့် အဆင့်များအတိုင်း Tabula ကို ထည့်သွင်းပါ။


၂.၃။ PDF မှ Excel သို့ ဖိုင်ပုံစံပြောင်းခြင်း

Tabula ကို ထည့်သွင်းပြီးနောက် PDF မှ Excel ဖိုင်ပုံစံပြောင်းခြင်းကို စတင်လုပ်ဆောင်နိုင်ပါပြီ။

  • “Tabula” Folder သို့သွားပြီး the tabula.exe program ကို ဖွင့်ပါ။
  • Control window ပွင့်လာလျှင် ဆက်လက်အလုပ်လုပ်ဆောင်စေပါ။
  • Web browser ပေါ်လာပါလိမ့်မည်။ ထိုနေရာတွင် PDF ဖိုင်ကို Excel ဖိုင်ပုံစံပြောင်းခြင်းလုပ်ဆောင်ပါမည်။ အကယ်၍ browser မပေါ်လာလျှင် မိမိသုံးနေကျ web browser သုံး၍ http://localhost:8080 သို့သွားပါ။
  • ပုံတွင်ပြထားသည့်အတိုင်း Browse ကိုနှိပ်၍ ဤစာမျက်နှာ this page. မှ ဒေါင်းလုတ်ဆွဲထားသော PDF ဖိုင်ကို upload လုပ်ပါ။
  • Import ကိုနှိပ်ပါ။

Imported PDFs စာရင်းတွင် မိမိ upload လုပ်ထားသည့်ဖိုင်နာမည်ပေါ်လာပါလိမ့်မည်။

  • Extract Data  ခလုတ်ကိုနှိပ်ပါ။

PDF ဖိုင်ပေါ်လာသည့်အခါ မိမိလိုချင်သည့် ဇယားများကို Select မှတ်၍ ရွေးချယ်နိုင်ပါပြီ။

  • page-2 (စာမျက်နှာ ၂) တွင် International Tourist Arrivals to Cambodia ကိုဖော်ပြသည့် ဇယားကို တွေ့နိုင်ပါသည်။

ဇယားမှ မိမိတို့ပြောင်းလိုသည့် စာရင်းဧရိယာကို select မှတ်ပါ။ select မှတ်ရာတွင် မိမိတို့ရွေးချယ်လိုသည့် တိုင်နှင့်အတန်း များကိုသာ ပါဝင်‌စေရန် ဂရုစိုက်ရွေးချယ်ပါ။ အထူးသဖြင့် ဇယားအပြင်သို့ရောက်နေသည့် စာများ၊ ခေါင်းစဉ်များမပါစေရန် သတိပြုပါ။

  • အောက်တွင်ဖော်ပြထားသည့်ပုံအတိုင်း ဇယားအတွင်းရှိ စာရင်းဧရိယာကို select မှတ်ပါ။ Select မှတ်ရာတွင် ၂၀၁၅-၂၀၂၀ ခုနှစ်ကာလအတွင်း ဇန်နဝါရီမှဒီဇင်ဘာကာလ ကိုဖော်ပြထားသည့် ဧရိယာကို အတိအကျမှတ်ပါ။
  • Select မှတ်ပြီးနောက် ထိပ်စည်းpanel မှ Preview & Export Extracted Data ခလုတ်ကို နှိပ်ပါ။

အောက်တွင်ဖော်ပြထားသည့်အတိုင်း ကွန်ပြူတာဖြင့် တွက်ချက်၍ရသော ဖိုင်ပုံစံသို့ ပြောင်းလဲထားသည့် window ပေါ်လာပါလိမ့်မည်။

အကယ်၍ ဇယားသည် မိမိတို့လိုချင်သည့် ပုံစံအတိုင်းမဟုတ်လျှင် မိမိတို့ select လုပ်သည့် ဧရိယာကို ပြန်မှတ်ရန် Revise selection(s) ကိုနှိပ်ပါ။ တခါတရံတွင် မိမိတို့လိုချင်သည့် ပုံစံအတိုင်းအတိအကျရရန် ဇယားများကို ကိုယ်တိုင်ပြင်ယူရန် လိုအပ်သည်။

ဖိုင်များကို ပုံစံပြောင်း၍ ထုတ်ယူရာတွင် Stream နှင့် Lattice ဟူ၍ နည်းလမ်းနှစ်မျိုးအနက်တမျိုးကို ရွေးချယ်နိုင်သည်။ ဇယားများရှိ တိုင်နှင့် အတန်းများကို ကွက်လပ်ဖြင့်ခြားထားပါက Stream နည်းလမ်းကို သုံးနိုင်ပြီး တိုင်နှင့်အတန်းများကို မျဉ်းဖြင့်ခြားထားပါက Lattice နည်းလမ်းကိုသုံးနိုင်ပါသည်။ ယခု ထုတ်မည့် ဇယားအတွက်  Stream နည်းလမ်းကို Tabula ကအလိုအလျောက် ရွေးချယ်ပေးပါလိမ့်မည်။

အချက်အလက်ဖိုင်တွဲကို ပုံစံပြောင်းထုတ်ရန် အသင့်ဖြစ်ပါပြီ။

  • Export Format ဘေးရှိ အောက်မြှားပါသေတ္တာတွင် CSV ကိုရွေးချယ်ပါ။

“tabula-tourism_statistics_202009” အမည်ဖြင့် CSV ဖိုင်ထွက်ပေါ်လာပါမည်။

  • ယင်း ဖိုင်ကိုဖွင့်ပြီး ထုတ်ထားသည့် ဇယားကိုကြည့်ပါ။

၂.၄။ အချက်အလက်များအားရှင်းထုတ်ခြင်း

ကွန်ပြူတာဖြင့်တွက်ချက်၍ရသည့် ဒေတာဖိုင်ပုံစံရပြီဖြစ်သည့်အတွက် အချက်အလက်များအားစိစစ်ရှင်းထုတ်သည့် အဆင့်ကို စတင်လုပ်ဆောင်ပါမည်။

ဤဇယားတွင် ကမ္ဘာလှည့်ခရီးသွားဆိုက်ရောက်မှု သုံးလပတ်စာရင်းများဖြစ်သည့် (Q1, Q2, Q3, Q4) အချက်အလက်များနှင့် စုစုပေါင်းအရေအတွက်များကို မလိုအပ်ပါ။

  • for Q1, Q2, Q3, Q4 နှင့် Total အတန်းများဖြစ်သည့် အတန်း ၂၊ ၆၊ ၁၀၊ ၁၄ နှင့် ၁၈ တို့ကို select မှတ်ပါ။
  • ထို့နောက် Right-click (ညာကလစ်) နှိပ်၍ Delete ရွေးပြီး အချက်အလက်များအားဖျက်ပါ။

အောက်တွင်ဖော်ပြထားသည့် screenshots များမှာ Excel သုံး၍ဖွင့်ထားသည့်ဖိုင်ဖြစ်ပြီး  Google Sheets တွင်လည်း ပုံစံတူ လုပ်ဆောင်နိုင်ပါသည်။

မလိုသည့်အချက်အလက်များဖျက်ထားသည့် ဇယားကို ဤကဲ့သို့တွေ့ရပါမည်။



3

လှုပ်ရှားရုပ်ပုံများပါဝင်သည့် ကားချပ်ကို Flourish သုံး၍ဖန်တီးခြင်း

အချက်အလက်များရှင်းထုတ်ပြီးနောက် စိတ်ဝင်စားဖွယ်ရာကောင်းသည့် လှုပ်ရှားရုပ်ပုံများပါဝင်သည့် ကားချပ်များကို Flourish software ဖြင့်ဖန်တီးခြင်း အဆင့်ကို လုပ်ဆောင်ပါမည်။

  • Flourish ဝက်ဘ်ဆိုဒ်လိပ်စာ ဖြစ်သည့်  https://flourish.studio/  သို့သွားပါ။
  • Get started for free ကိုနှိပ်၍ (အကောင့်မရှိသေးလျှင်) အကောင့်ဖွင့်ပါ။

အကောင့်ဖွင့်ပြီးနောက် ပရောဂျက်စာမျက်နှာပွင့်လာပါလိမ့်မည်။

  • + New visualization ခလုတ်ကိုနှိပ်ပါ။

အသင့်ရွေးချယ်နိုင်သော ပုံများပါဝင်သည့် Template စာမျက်နှာပေါ်လာပါလိမ့်မည်။ ဤနေရာတွင် ကားချပ်အမျိုးမျိုး၊ ပုံ‌ဖော်ရေးဆွဲခြင်းနည်းလမ်းများနှင့် လုပ်ဆောင်မှုအမျိုးမျိုးအနက်မှ မိမိစိတ်ကြိုက်ပုံစံကိုရွေးချယ်နိုင်မည်ဖြစ်သည်။


၃.၁။ ကားချပ် Template ရွေးချယ်ခြင်းနှင့် အချက်အလက်ဇယား ထည့်သွင်းခြင်း

လစဉ်ကမ္ဘာလှည့်ခရီးသွားဆိုက်ရောက်မှုအချက်အလက်များကို နှိုင်းယှဉ်ပြရန် မျဉ်းပြိုင်ကားချပ် (Line Chart Race) အမျိုးအစား အသုံးပြု၍ ပုံဖော်ရေးဆွဲပါမည်။

  • scroll down လုပ်၍ Line chart race အမျိုးအစားသို့သွားပါ။
  • Simple chart ကို ရွေးချယ်ပါ။

Line chart race ကားချပ်ပါဝင်သည့် စာမျက်နှာပေါ်လာပါလိမ့်မည်။

ဤပုံအတိုင်းကားချပ်ကိုဦးစွာမြင်ရပါမည်။ ကားချပ်ကိုမိမိစိတ်ကြိုက်ရေးဆွဲရန် “International Tourist Arrivals to Cambodia” အချက်အလက်များကို ကားချပ်အတွင်း ထည့်သွင်းရန်လိုပါသည်။

  • Data view ကိုနှိပ်ပါ။
  • Upload Data ကိုနှိပ်ပါ။
  • ကွန်ပြူတာအတွင်း သိမ်းဆည်းထားသည့် tabula-tourism_statistics_202009.csv ကို upload လုပ်ပါ။
  • Window တစ်ခုပေါ်လာပြီး Import publicly သို့မဟုတ် Go private နှစ်မျိုးအနက် မည်သည့်ပုံစံဖြင့် အချက်အလက်ထည့်သွင်းမည်ကို မေးပါလိမ့်မည်။ Flourish အခမဲ့ဗားရှင်းကိုသုံးထားသည့်အတွက် Import publicly ကို ရွေးချယ်ရပါမည်။

Upload လုပ်ထားသည့် အတန်းအရေအတွက်ပေါ်လာပါမည်။

  • ထို့နောက် Next, select the columns ကိုနှိပ်ပါ။

အချက်အလက်ဇယားကို upload လုပ်ပြီးပါပြီ။

  • ဤပရောဂျက်ကို “International Tourist Arrivals to Cambodia” ဟု အမည်ပေးပါ။

ကားချပ်တွင် ဖော်ပြထားသည့် မျဉ်းတစ်ခုချင်းစီသည် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇၊၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ နှစ်တစ်နှစ်ချင်းစီ အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားဆိုက်ရောက်မှုအရေအတွက်ကို ကိုယ်စားပြု ပါသည်။ Flourish မှ မျဉ်းပြိုင်ကားချပ် (Racing Line Chart) ကိုအသုံးပြုနိုင်ရန် အချက်အလက်ဇယားမှ အတန်းတစ်ခုချင်းစီသည် နှစ်တစ်နှစ်ကို ကိုယ်စားပြုရန်လိုအပ်သည်။ ထို့ကြောင့် ဇယားပါ တိုင်နှင့်အတန်းများမှ အချက်အလက်များကို နေရာလဲပါမည်။

  • ဇယားဘယ်ဘက်ထောင့်ရှိ မြှားခေါင်းနှစ်ခုပါထောင့်မှန်ကို နှိပ်လိုက်သည်နှင့် တိုင်နှင့်အတန်းများ နေရာလဲသွား ပါမည်။

ထို့နောက် Name column နှင့် Score column များအတွက် ရွေးချယ်မှုများစတင်လုပ်ဆောင်ပါမည်။


Name column သည် နှစ်ကို ဖော်ပြပြီး Score columns သည် လစဉ်ခရီးသွားဆိုက်ရောက်မှုအရေအတွက်ကို ဖော်ပြပါသည်။

  • Data ကိုနှိပ်၍ Name column တွင် A ဟု စာရိုက်ထည့်ပါ။
  • Score columns တွင် B-M ဟု စာရိုက်ထည့်ပါ။

ထို့နောက် Preview သို့သွား၍ အစမ်းရေးဆွဲထားသည့်ကားချပ်ကိုကြည့်ပါ။ နှစ်စဉ်နှစ်တိုင်းအတွက်ရေးဆွဲထားသည့် ရောင်စုံမျဉ်းပြိုင်များကို တွေ့ရပါမည်။


Ranks ကို အခြေခံရေးဆွဲထားသည့်အတွက် ပေါ်လာသည့်ကားချပ်မှာ ပုံစံမကျဖြစ်နေပါလိမ့်မည်။ ကားချပ်ကိုပုံစံကျစေရန် ဆက်လက်ပြုပြင်ရပါမည်။


၃.၂။ ကားချပ်အားဒီဇိုင်းပုံဖော်ခြင်းနှင့်ကားချပ်ပါ အစိတ်အပိုင်းများအားပုံစံချခြင်း

စာမျက်နှာ၏ညာဘက်တွင် ကားချပ်အစိတ်အပိုင်းအမျိုးမျိုးကိုစာရင်းပြုစုထားသည့် ကော်လံတစ်ခုကိုတွေ့ရပါမည်။ ယင်းစာရင်းပါ အစိတ်အပိုင်းတစ်ခုချင်းစီကို ပြုပြင်၍ မိမိတို့၏ ကားချပ်ကို စိတ်ဝင်စားဖွယ်ရာအသက်ဝင်လာအောင် ရေးဆွဲသွားပါမည်။ ယခုစာစုတွင်ဆက်လက်ညွှန်ကြားထားသည့်အတိုင်းမဟုတ်ဘဲ လုပ်ဆောင်ချက်များကို မိမိစိတ်ကြိုက်ရွေးချယ်၍ ဖြစ်နိုင်ချေများကိုစမ်းသပ်ကြည့်ရန် အကြံပြုပါသည်။

ပထမဆုံးအ‌နေဖြင့် View နှင့် Scoring type အပိုင်းများကို ပြုပြင်၍ အောက်ပါကားချပ်ပုံစံထွက်ရန် လုပ်ဆောင်ပါမည်။

View

ကားချပ်ကို animate လုပ်ရာတွင် ကားချပ်တစ်ခုလုံးကို ဖော်ပြမည်ဖြစ်ရာ

  • Play mode တွင် Show all ကိုရွေးချယ်ပါ။


Scoring type

ကမ္ဘာ့လှည့်ခရီးသွားဆိုက်ရောက်အရေအတွက်ကို အရှိအတိုင်းဖော်ပြမည်ဖြစ်သည့် အတွက်

  • Chart mode to show on load တွင် Scores ကိုရွေးပါ။
  • Data type တွင် Higher scores win ကိုရွေးပါ။
  • Rank ties mode တွင် Competition ကိုရွေးပါ။

ထို့နောက် ကားချပ်ကို အောက်ပါအတိုင်းပုံဖော်ပါမည်။ ကားချပ်အတွင်း အပြောင်းအလဲများကို သင်သတိပြုမိပါသလား။ ကားချပ်၏  size, control နှင့် colors တို့တွင် အပြောင်းအလဲအချို့ပြုလုပ်ထားပါသည်။


Chart sizing

ကားချပ်အရွယ်အစားရွေးချယ်ရာတွင် မည်သည့်နေရာတွင်မဆို embed လုပ်နိုင်သည့် အရွယ်အစားကို ရွေးပါမည်။

  • Height mode အတွက် Match data ကိုရွေးပါ။

ကားချပ်အတွက် အနားသတ်မျဉ်း (Margin)များကို သက်ဆိုင်ရာသေတ္တာများဘေးတွင် အောက်ပါအတိုင်း တန်ဖိုးများရိုက်ထည့်ပြီး ပေါင်းထည့်နိုင်သည်။

  • Right:  4
  • Bottom:  1
  • Left:  4
  • Right (mobile):  1


Controls

Animated ကားချပ်များတွင် အများအားဖြင့် Replay ခလုတ်ပါရှိပြီး အသုံးပြုသူများအနေဖြင့် animation များကို အခေါက်ခေါက်အခါခါ ပြန်ကျော့ကြည့်ရှုနိုင်ပါသည်။

  • Ranks/scores toggle တွင် Hidden  ကိုရွေးချယ်ပါ။
  • Replay ခလုတ်အတွက် Visible ကိုရွေးချယ်ပါ။
  • Replay ခလုတ်ကို နာမည်ပြောင်းလိုကပြောင်းနိုင်သော်လည်း ယခုအခေါက်တွင်မူ Replay အတိုင်းသာထားခဲ့ ပါမည်။

Replay ခလုတ်ကိုကြည့်ကောင်းစေရန် အောက်ပါအတိုင်းပြောင်းပါမည်။

  • Text size: 1
  • Text weight: Bold
  • Height: 0.4

Button Group Styles ကို မပြုပြင်ဘဲထားခဲ့ပါမည်။


Colors

အရောင်ရွေးချယ်ခြင်းသည် ပုံဖော်ရေးဆွဲမှုအတွက် မဖြစ်မနေလိုအပ်သည့် အစိတ်အပိုင်းဖြစ်ပါသည်။ Flourish တွင် အရောင်ကို အလိုအလျောက်ရွေးချယ်နိုင်သည့် ရောင်စုံဆေးခွက်ပါသော်လည်း ၂၀၂၀ ခုနှစ်အတွက် အရောင်ကို အထူး ပေါ်လွင်စေရန်အရောင်ကုဒ်များကို ကိုယ်တိုင်ရေးသွင်းပါမည်။

  • Custom overrides တွင် အောက်ပါအတိုင်း hex တန်ဖိုးများကိုရေးသွင်း (သို့မဟုတ်) ကော်ပီကူးထည့် နိုင်ပါသည်။

2020: #ff9966

2019: #ffbf59

2018: #7a8099

2017: #c2b0af

2016: #99cccc

2015: #339999



ကားချပ်အစိတ်အပိုင်းအတော်များများကို သိသာထင်ရှားသည့် အပြောင်းအလဲများလုပ်ဆောင်ပြီးနောက် ကားချပ်မှ မျဉ်းများနှင့် အညွှန်းများကို ဖတ်ရလွယ်ပြီးကြည့်ကောင်းစေရန်ပြုပြင်ပါမည်။


Line styles

မျဉ်းကြောင်းများသည် တခုနှင်တခုထပ်နေသည့်အတွက် လိုင်းအပါးကိုရွေးချယ်ပါ။

  • မျဉ်းပုံစံ‌ပြောင်းရန်အောက်ပါအတိုင်းရွေးချယ်ပါ။

Line width: 0.1

Opacity: 1

Curve: Straight

Shading behind line: Off


Circle styles

မျဉ်းကြောင်း၏ စမှတ်နှင့်ဆုံးမှတ်ပြ စက်ဝိုင်းလေးများသည်လည်း ကားချပ်၏ အရေးပါသောအစိတ်အပိုင်းများဖြစ်သည့် အတွက် သင့်လျော်သည့် ပုံစံနှင့်အရွယ်အစားဖြစ်စေရန်ရွေးချယ်ပါမည်။

  • အောက်ပါအတိုင်းပုံစံချပါမည်။

Start radius: 0.4

End radius: 0.4

End stroke: 0.4

Space between: 4

Stroke color: Background

Image inside circle: Off


Label styles

အညွှန်းစာသားကို အောက်ပါအတိုင်းပုံစံချပါမည်။

  • Rank font size as 1
  • Label font size as 1.5
  • Label color as Auto
  • Rank position as Outside
  • Show label as Always
  • Decimal places as 0


‌နောက်အဆင့်တွင် X ဝင်ရိုးနှင့် Y ဝင်ရိုးများရှိ အညွှန်းများကို ပိုမိုထင်ရှားလာအောင် မည်သို့ပြုပြင်မည်ကို တင်ပြသွားပါမည်။

Y axis

Y ဝင်ရိုးရှိ ကိန်းတန်ဖိုးများကို အနည်းငယ်ပြင်ပါမည်။

  • Label color and line color ကို ပါလာသည့်အတိုင်းထားပါ။
  • Label size အတွက် 1  ရိုက်ထည့်ပါ။
  • Label dash အတွက် 1 ရိုက်ထည့်ပါ။
  • Zooming အတွက် Dynamic Y axis Turn off  လုပ်ပါ။
  • Leave blank for Max score.

Y ဝင်ရိုး တန်ဖိုးများကို သုညမှစထည့်ပါမည်။

  • Min score တွင် 0 ရိုက်ထည့်ပါ။
  • Max score တွင် ကွက်လပ်ထားခဲ့ပါ။

Number Styling အတွက်

  • Prefix နှင့် Suffix တွင် ကွက်လပ်ထားခဲ့ပါ။ သေတ္တာများအတွင်း ကိန်းဂဏန်းများရှိနေလျှင် ဖျက်ပါ။
  • Decimal places ကို 0 ဖြစ်ပါစေ။


X-axis

X ဝင်ရိုးတွင်

  • Label color ကို ပါလာသည့်အတိုင်းထားခဲ့ပါ။
  • Label size ကို 1.2 ထားပါ။
  • Text angle အတွက် 0 ရွေးပါ။
  • Show hidden labels on hover ခလုတ်ကို Turn off လုပ်၍ပိတ်ပါ။


Animation

မျဉ်းပြိုင်များ၏ လှုပ်နှုန်း (Animation Speed) ကို အောက်ပါအတိုင်းထိန်းညှိပါ။

Animation duration: 1200

Mode duration: 300


Number formatting

ကိန်းဂဏန်းများကို အောက်ပါအတိုင်းပုံစံချနိုင်ပါသည်။

Decimal separator in data sheet: .  (decimal point)

Number format to display: 12,235.67


Layout

ဤအပိုင်းအတွက် ဂရပ်တွင် အသုံးပြုထားသည့် စာလုံးဖောင့်၊ နောက်ခံအရောင်၊ အရွယ်အစားနှင့် ပုံသဏ္ဍန် တို့ကို ပြောင်းလဲနိုင် ပါသည်။

ပထမဆုံးစာလုံးဖောင့်ကို အောက်ပါအတိုင်းပြောင်းပါမည်။

  • Main font: Source Sans Pro
  • Text Color: Black

ထို့နောက် Background ကို ပြောင်းပါမည်။

  • Color: On
  • Image: Off
  • Background color: White
  • Maximum width တွင် None ကိုရွေးပါ။
  • Layout Order တွင် တတိယတစ်ခုကို ရွေးချယ်ပါ။
  • Margins, all sides (Top, Right, Bottom, Left) တို့အတွက် 1 ကိုရိုက်ထည့်ပါ။
  • Show borders around visualization ကို Turn off လုပ်ပြီးပိတ်ပါ။

ကားချပ်ဆွဲခြင်း နောက်ဆုံးအဆင့်ဖြစ်သည့် Header နှင့် Footer တွင် အချက်အလက်အနည်းငယ်ထည့်သွင်းခြင်းကို ဆက်လက် လုပ်ဆောင်ပါမည်။

Header

Header အတွက်

  • Alignment တွင် Left  ကိုရွေးပါ။
  • Title (ခေါင်းစဉ်) သည် International Tourist Arrivals to Cambodia ဖြစ်သည်။
  • Subtitle (ခေါင်းစဉ်ခွဲ) သည်  2015-2020 ဖြစ်သည်။

Change title style and Change Subtitle styles  တို့ကို ပိတ်ထားပါ။

ကားချပ်အကြောင်းအကျဉ်းရှင်းပြထားသည့်စာသားများကိုရိုက်ထည့်ပါ။

  • Text: တွင် The number of tourists entering the country has declined tremendously in 2020 because of the COVID-19 pandemic ဟုရေးသွင်းပါ။
  • Styling ကို ပိတ်ထားပါ။

Border တွင် ပြောင်းလဲမှုအချို့လုပ်ပါမည်။

  • Border ကို Top ထားပါ။
  • Width ကို 1 ထားပါ။
  • Color ကို ပါလာသည့်အတိုင်းထားပါ။
  • Style အတွက် Dotted  ကိုရွေးပါ။
  • Space ကို 1 ထားပါ။
  • LOGO/IMAGE ကို disabled ရွေးပါ။


Footer

Footer အတွက်  

  • Alignment အတွက် Justify ကိုရွေးပါ။
  • Size ကို 1 ထားပါ။
  • Source name: Cambodia: Tourism Statistics Report
  • Source URL: https://www.nagacorp.com/eng/ir/tourism/tourism_statistics_202009.pdf
  • Source Label: Source:
  • Logo အတွက် Image: Disabled.
  • Border အတွက် None ကိုရွေးပါ။


လှုပ်ရှားရုပ်ပုံများပါဝင်သည့် ပုံရှင်ကားချပ်ကို ထုတ်ဝေရန်

  • Export and publish ကိုနှိပ်ပါ။ ထို့နောက် Publish to share and embed ကိုနှိပ်ပါ။

ထို့နောက်ပေါ်လာသော Window မှ Publish ကိုနှိပ်ပါ။

You can now embed this animated chart in your website using the link provided.

ပေးထားသောလင့်ခ်ကိုအသုံးပြု၍ ပုံရှင်ကားချပ်ကို မိမိ၏ ဝက်ဘ်ဆိုဒ်အတွင်း ထည့်သွင်းဖော်ပြနိုင်ပြီဖြစ်ပါသည်။


4

လူမှုစီးပွားဘဝအပေါ်သက်ရောက်မှုများအားဆန်းစစ်ခြင်း

၄.၁။ လူမှုစီးပွားဆိုင်ရာအကျိုးသက်ရောက်မှုများ

ကမ္ဘာလှည့်ခရီးသွားလာရောက်မှုကျဆင်းခြင်းကြောင့် ကမ္ဘောဒီးယားကဲ့သို့သောနိုင်ငံများအတွက် ကြီးမားသော လူမှုစီးပွားဘဝထိခိုက်မှုများဖြစ်ပေါ်စေပါသည်။ ခန့်မှန်းခြေအားဖြင့် ခရီးသွားကဏ္ဍမှရရှိမည့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိပြီး လုပ်သားပေါင်း ၁၁၀,၀၀၀ ခန့်အလုပ်လက်မဲ့ဖြစ် စေနိုင်ပါသည်။ ထို့အပြင် ခရီးသွားကဏ္ဍတွင် အမျိုးသမီးလုပ်သားအများစုအလုပ်လုပ်ကိုင်လျက်ရှိရာ ကပ်ရောဂါ၏ အကျိုးဆက်အနေဖြင့် နိုင်ငံအနှံ့တွင် လူမှုရေးရာ မညီမျှမှုများကို ပိုမိုဆိုးရွားသွား စေနိုင်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ခရီးသွားကဏ္ဍ၏ အဆင့်တိုင်းတွင် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်သည် ဖြစ်ရာ ယင်းကဏ္ဍအား ကျားမရေးရာတန်းတူညီမျှမှုကို အထောက်အပံ့ပေးနိုင်သည့် ကဏ္ဍအဖြစ် သတ်မှတ်ထားပါသည်။ ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် ကျားမရေးရာတန်းတူညီမျှမှုအတွက်ရရှိခဲ့သည့် အောင်မြင်မှုများနှင့် ကြိုးပမ်းမှုများကို များစွာထိခိုက်စေနိုင်ပါသည်။


ထို့အပြင် လက်ရှိ ထုတ်ဝေထားသည့် ခရီးသွားကဏ္ဍနှင့်ပတ်သက်သည့် ဆောင်းပါးများတွင် ရေးသားတင်ပြမှုများသည် ယခင် ထုတ်ပြန်ခဲ့သည့် ဆောင်းပါးများနှင့် များစွာကွာခြားသွားကြောင်းကို ‌အောက်ပါလင့်ခ်များတွင် ဖတ်ရှု့လေလာနိုင်ပါသည်။

Thailand Eases Curbs on Foreign Tourists Before Peak Travel (ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကမ္ဘာ့လှည့်ခရီးသွားများအတွက် ချမှတ်ထားသည့်စည်းကမ်းများအား ခရီးသွားရာသီမတိုင်မီ ဖြေလျှော့လိုက်ခြင်း)

Virus cuts Egypt tourist revenues to $4bn (ဗိုင်းရပ်စ်ကြောင့် အီဂျစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းမှရရှိမည့် ဝင်ငွေ ၄ဘီလီယံဆုံးရှုံး)
Japan tourism faces 80% drop as coronavirus threatens Abenomics (ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်နိုင်ငံ၏ ခရီးသွားကဏ္ဍ ၈၀ရာခိုင်နှုန်းကျဆင်း)
COVID-19 tourism spend recovery in numbers (ကိုဗစ် ၁၉ကြောင့်ကျဆင်းခဲ့ရသည့် ခရီးသွားလုပ်ငန်းကဏ္ဍကို ပြန်လည်ထူထောင်ရန်လိုအပ်မည့် အသုံးစရိတ်အားတွက်ချက်ခြင်း)

၄.၂။ သတင်းအဖြစ်သတ်မှတ်ရန် သင့်လျော်သည့် ကိစ္စရပ်များအား ချဉ်းကပ်ရှာဖွေခြင်း

ကိုဗစ် ၁၉ ကပ်ရောဂါသည် ကမ္ဘာလုံးချီအဆင့်ဖြင့် နိုင်ငံအသီးသီး၏ ကဏ္ဍပေါင်းစုံနှင့် သက်မွေးဝမ်းကြောင်းမှုများတွင် အခက်အခဲများ ပေါ်ပေါက်စေခဲ့ပြီး လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်၊ လုံခြုံရေးနှင့် ထိခိုက်လွယ်သည့် လူ့အသိုက်အဝန်းများ စသည့် ဘက်ပေါင်းစုံတွင် ဆိုးကျိုးများစွာ သက်ရောက်စေခဲ့ပါသည်။ ထို့ကြောင့် လူမှုရေး၊ စီးပွားရေးနှင့် ထိခိုက်လွယ်သည့်လူ့အသိုက်အဝန်းများအပေါ် ကပ်ရောဂါ၏ သက်ရောက်မှုများကို လေ့လာဆန်းစစ်၍ သတင်းရေးသားထုတ်ပြန်ရန် အထူးပင်လိုအပ်လာပါသည်။ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) မှ ထိုကဲ့သို့သော ဆန်းစစ်ချက်အစီရင်ခံစာများ ကို အခါအားလျော်စွာထုတ်ပြန်လျက်ရှိပါသည်။ ထိုသတင်းရင်းမြစ်များမှ အချက်အလက်များကို အ‌ခြေခံ၍လည်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားဘဝ သက်ရောက်မှုများကို စိတ်ဝင်စားဖွယ်ရာရေးသားတင်ပြနိုင်ပါသည်။


ယခုအခါကျွန်ုပ်တို့သည် new normal ဟုခေါ်ဆိုသည့် ပုံမှန်အသစ်အနေအထားကို ချဉ်းနင်းဝင်ရောက်လာချိန်တွင်  မသေချာမရေရာမှုများစွာကိုရင်ဆိုင်နေရသည်ဖြစ်ရာ ကပ်ရောဂါ၏ လူမှုစီးပွားဘဝအပေါ် လတ်တလော အကျိုး သက်ရောက်မှု အ‌ခြေအနေများကို နားလည်ခြင်းဖြင့် အရေးကြီးသော မူဝါဒများချမှတ်ရန်နှင့် ရင်းမြစ်များ ခွဲဝေအသုံးပြုရန် ဦးစားပေးကဏ္ဍများသတ်မှတ်ရာတွင် အဓိကအထောက်အပံ့ ပေးနိုင်ပါလိမ့်မည်။ လူမှုစီးပွား ဘဝသက်ရောက်မှုများနှင့် ပတ်သက်၍ ပိုမို၍ အသေးစိတ်သော ‌လေ့လာဆန်းစစ်မှုများလည်း အချိန်နှင့်အမျှ ထပ်မံပေါ်ပေါက် လာပါလိမ့်မည်။ ကိုဗစ် ၁၉ ကပ်ရောဂါနှင့်ပတ်သတ်သည့် အချက်အလက်များပါဝင်သည့် သတင်းများသည် လူထုထံသို့ အသိပညာပေးရန်နှင့် မူဝါဒဆိုင်ရာဆွေးနွေးမှုများအတွက် မရှိမဖြစ်လိုအပ်နေသည်ဖြစ်ရာ “သိပြီ ဒေတာချက်ပြုတ်နည်းစုံ” အဖွဲ့မှ သတင်းထောက် များအနေဖြင့် အချက်အလက်များကို ထိရောက်စွာ ပုံဖော်၍ သတင်းရေးသားနိုင်ရန် အချက်အလက် ပြင်ဆင်ခြင်း၊ ဆန်းစစ် ခြင်းနှင့် ပုံကားချပ်များရေးဆွဲခြင်းတို့အတွက် နည်းလမ်းအမျိုးမျိုးကို စုံစုံလင်လင် ဆက်လက် တင်ဆက် ပေးသွားပါဦီးမည်။


Recommended Recipes

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာအချက်အလက်များအား ဘားချပ်ဖြင့်ရေးဆွဲဖော်ပြခြင်း

Bar Chart
Beginner

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာအချက်အလက်များအား မျဉ်းချပ်ဖြင့်ရေးဆွဲဖော်ပြခြင်း

Line Chart
Beginner